ဂလိုရီသည် မြန်မာလူငယ်များအတွက် အဆင့်မြင့်မော်တော်ကားနည်းပညာများ သင်ယူခွင့်ရရှိ ရန်ရည်ရွယ်ကာ ဂျပန်နိုင်ငံမှ အိုကာယာမာနည်းပညာကောလိပ်နှင့်2014 ခုနှစ်တွင် စတင်ပူးပေါင်ဆောင်ရွက်ခဲ့သည်။ ဂျပန်နိုင်ငံ အစိုးရကုန်းလမ်း သယ်ယူပို့ဆောင်ရေးဋ္ဌာန၏ သင်ရိုးများအတိုင်းမြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်ဖွင့်လှစ်သင်ကြားခဲ့ပါ သည်။ အခြေခံ သင်တန်းသည် ဂျပန်နိုင်ငံ၏ Third Class Automotive Mechanic ကို အခြေခံထားပြီး အဆင့်မြင်သင်တန်းသည် Second Class Automotive Mechanic ကိုအခြေခံထားပါသည်။ သင်တန်းများတွင် စာတွေ့50% ၊ လက်တွေ့50% စနစ်ဖြင့်သင်ကြား ပေးပါသည်။သင်တန်းပြီးလျှင် အိုကာယာမာနည်းပညာကောလိပ်မှ ဆရာများကိုယ်တိုင်စာတွေ့၊ လက်တွေ့စာမေးပွဲစစ်ဆေးပြီး အောင်မြင်သူများကို အဆိုပါ ဂျပန်ကျောင်းမှ ဒီပလိုမာလက်မှတ်များ ချီးမြှင့်ပါသည်။ သင်တန်းအောင်မြင်ပြီးမြောက်သူများသည် ပြည်တွင်းကား ကုမ္ပဏီများ တွင် အလုပ်ဝင်ကြသကဲသို့ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများ လည်းရှိပါသည်။ ပို၍ အဆင့်မြင့်သော ကားပညာရပ်များသင်ယူရန် ဂျပန်နိုင်ငံတွင် ဆက်လက်သင် ယူနိုင်ပါသည်။ သင်တန်းဆင်းများ ဂျပန်တွင် ကျောင်းဆက်တက်နိုင်ရန် နှင့် အလုပ်လုပ်နိုင်ရန် အတွက် ဂလိုရီမှ ကူညီဆောင်ရွက် ပေးပါသည်။ ပြည်တွင်းတွင် အလုပ် ဝင်လိုသူများအတွက် အစိုးရအသိအမှတ်ပြု ကားစက်ပြင် ကျွမ်းကျင်မှု လက်မှတ် ရရှိရန် ဂလိုရီတွင် ဖြေဆိုရယူနိုင်ပါသည်။ ဤသင်တန်းကို (၁၀)တန်းအဆင့် အတန်း ပညာသင် ယူပြီးသူများ (အောင် / ကျ) အားလုံး တက်ရောက်နိုင်ပါသည်။ ဤသင်တန်း များကို နှစ်စဉ် April နှင့် Oct တစ်နှစ်(၂)ကြိမ်ဖွင့်လှစ်ပါသည်။
No | Course Title | Subject | Duration | PDF File |
---|---|---|---|---|
1 | Advanced Diploma in Automotive Engineering (Maintenance) |
|
6 Months |
![]() |
2 | Diploma in Automotive Engineering (Maintenance) |
1. Diesel Engine 2. Gasoline Engine 3. Chassis Structure 4. Electrical System for Engine 5. Electrical System for Chassis |
One Year + Foundation Course (optional) |
![]() |
3 | Skill Proficiency Certificate in Basic Automotive Maintenance |
|
5 Months |
![]() |