ဂလိုရီသည် နိုင်ငံတကာအဆင့် အင်ဂျင်နီယာဒီပလိုမာ များပေးအပ်နိုင်ရန် City & Guilds (UK) နှင့် (2005) ခုနှစ်တွင် စတင်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ လက်ရှိဖွင့်လှစ်ထားသော ဘာသာရပ်များမှာ Electrical & Electronic , Mechanical , Civil , Telecom , Refrigeration & Air Conditioning တို့ဖြစ်သည်။ အဆိုပါ ဘာသာရပ်များကို တက်ရောက်ရန် အသက်အရွယ်ကန့်သတ်မထားဘဲ (၁၀)တန်းအဆင့် အတန်းပညာသင်ယူဖူး သူများ (အောင် /ကျ) အားလုံး တက်ရောက် နိုင်သည်။ (၁၀) တန်းမအောင်သေးသူများအတွက် ရည်ရွယ်ကာ Engineering Foundation (၂)လ သင်တန်းကို အခမဲ့ ထည့်သွင်း သင်ကြားပေးပါသည်။ UK Qualification Framework အရ သတ်မှတ်ထားသော NQF Level (2) မှ (5) အထိ အဆင့်ရှိ အင်ဂျင်နီယာ ဒီပလိုမာများ ၊ အဆင့်မြင့် ဒီပလိုမာ များကို ဂလိုရီ တွင်တက်ရောက်နိုင်ပါသည်။ ဂလိုရီတွင် level-(5) အထိ တက်ရောက်ပြီးပါက နောက်ထပ် တစ်နှစ်ကို စင်ကာပူ (သို့မဟုတ်) UK တွင်ဆက်တက်ပြီး B.Eng (Hons) Degree ကို ရယူနိုင်ပါသည်။ အင်ဂျင်နီယာဒီပလိုမာ သင်တန်းများကို နှစ်စဉ် ဇွန်လ နှင့် ဒီဇင်ဘာလ တစ်နှစ်လျှင် (၂)ကြိမ် ဖွင့်လှစ်ပါသည်။ စာတွေ့ ဘာသာရပ် ကို British Council မှ ကြီးကြပ်ကာစာမေးပွဲ စစ်ဆေးပြီးလက်တွေ့ ဘာသာရပ် (Partical Assignment) များ ကို City & Guilds မှ ခန့်အပ်ထားသော External Verifier မှ စစ်ဆေးပါသည်။ အောင်မြင်သူများသည် City & Guilds (UK) မှ ချီးမြှင့်သော ဒီပလိုမာ လက်မှတ်ကို ရရှိပါသည်။ City & Guilds အင်ဂျင်နီယာ ဒီပလိုမာ တက်ရောက်ပြီးပါက ပြည်ပ တက္ကသိုလ် များတွင် ကျောင်းဆက်တတ်ပြီး UK Degree ကို ရယူနိုင်သကဲ့သို့ ပြည်တွင်း / ပြည်ပ လုပ်ငန်းခွင်ကိုလည်း ဝင်ရောက်နိုင်ပါသည်။ ဂလိုရီမှ သင်တန်းဆင်း အမြောက်အများသည် စင်ကာပူလုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ် ကိုင် နေကြပါသည်။ ဂလိုရီတွင် ဦးဆောင်သင်ကြားပေး နေသော ဆရာများသည် City & Guilds သင်ရိုးများကို နှစ်ပေါင်းများစွာ သင်ကြားမှု အတွေ့အကြုံ ရှိသူများဖြစ်ပါသည်။ ထို့အပြင် ဂလိုရီသည် ကမ္ဘာ့အမှတ်အများဆုံး ရွှေတံဆိပ် ဆုရ (Medal of Excellence) ကျောင်းသား (၄)ဦး ကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။
No | Course Title | Subject | Duration | PDF File |
---|---|---|---|---|
1 | Skills Proficiency Certificate in Basic Refrigeration & Air Conditioning |
1. Health and Safety 2. Tool skills |
3 Months |
![]() |
2 | Diploma in Engineering (Electrical & Electronics) NQF (Level-3) |
|
6 Months + Foundation Course (Optional) |
![]() |
3 | Diploma in Engineering (Maintenance ,Installation and Commissioning) NQF (Level-3) |
|
6 Months + Foundation Course (Optional) |
![]() |
4 | Diploma in Civil Engineering (Level-3) |
|
6 Months + Foundation Course (Optional) |
![]() |
5 | Diploma in Electrical & Electronic Engineering NQF (Level-4) |
|
One Year + Foundation Course (Optional) |
![]() |
6 | Diploma in Mechanical Engineering NQF (Level-4) |
|
One Year + Foundation Course (Optional) |
![]() |
7 | Diploma in Civil Engineering (Level-4) |
|
![]() |